ရန်ကုန်၊ ဧပြီ ၂၅
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ာသား ၃ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)-၃၆၀၁ တပ်ရင်း၏ စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် ပေါင်းတလည်မြို့နယ် ၊ သပြေတောင်ကုန်းတန်းဘက် သို့ နယ်မြေ ရှင်း လင်းရန်ထွက်လာသော အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို သပြေတောင်ကုန်းတန်း ထန်း တောအနီးအရောက်တွင် ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများထဲတွင် ထပ်မံသေဆုံးနိုင်သူများလည်းရှိကြောင်း သိရ သည်။
မိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရရှိသူများကို ပေါင်းတလည်မြို့ပေါ်မှ ဖောကားအဖြူရောင်ဖြင့် လာရောက်ပြီး ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် ပေါင်းတလည်မြို့ပေါ်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်တိုက်ခိုက်လျက်ရှိပြီး အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ နှင့် နီးစပ်စွာနေထိုင်ခြင်း ၊ ကား ဆိုင်ကယ်နှင့်စားနပ်ရိက္ခာကူညီထောက်ပံ ခြင်းများ မပြုလုပ်ကြပါ ရန် အသိပေးမေတ္တာရပ်ခံထားသည်။
ထို့အပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင် -မဒေါက်ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ် ကောင်စီ ၏ တာပြတ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်း ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၄ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က ညောင်လေးပင်မြို့နယ်၊ ရွှေကျင် -မဒေါက် ကားလမ်းပေါ်၌ အထိုင်ချတပ်စွဲထားသော တာပြတ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၇ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၇၀၃ – မီးနဂါးရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
