35 C
Yangon

မြစ်ကြီးနားလေယာဉ်ကွင်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေယာဉ်ကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲကြောင်း မြစ်ကြီးနားမြို့မှ ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနားလေယာဉ်ကွင်းအနီးတွင် လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဟု သိရှိရပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရှိရကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

“မြစ်ကြီးနားလေယာဉ်ကွင်းနားက ဆိုင်တချို့တော့ ပိတ်ကုန်တယ်။ ဘယ်ကပစ်တာလဲမသိဘူး။ လက်နက်ကြီး ပေါက်ကွဲသံကြားလိုက်တယ်။ အထိအခိုက်တော့ မကြားမိသေးဘူး။ လက်နက်ကြီးပေါက်ကွဲတာတော့ဟုတ်တယ်” ဟု မြစ်ကြီးနားမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲကျော်အချိန်ကလည်း မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်တပ်လက်အောက်ခံ Non-CDM ဝန်ထမ်းများ နေထိုင်သော မလိခအိမ်ရာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ လက်နက်ကြီးအစထိမှန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article