30 C
Yangon

လှိုင်သာယာ၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် အလုပ်သွားလျောက်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းဟိန်းထက်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် အလုပ်သွားလျောက်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းဟိန်းထက်ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် အသက် ၁၇ နှစ်အရွယ် ကိုမင်းဟိန်းထက်သည် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်သို့ အလုပ်လျှောက်ရန် သွားရောက်စဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မောင်မင်းဟိန်းထက်က လှိုင်သာယာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံနေရစဉ် မိသားစုဝင်များထံသို့ စစ်မှုထမ်းရန် ခေါ်ဆောင်နေရကြောင်း ဖုန်းဖြင့် ဆက်သွယ်အသိပေး ပြောဆိုခဲ့ပြီးနောက် လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ ၎င်း၏ မိုဘိုင်းလ်လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်သွားကြောင်း သိရှိရသည်။

“ကိုမင်းဟိန်းထက်က ဒီနေ့ နံနက် ၉ နာရီလောက်က ရွှေလင်ပန်းစက်မှုဇုန်မှာ အလုပ်သွားလျောက်ရင် ပေါ်တာစွဲခံရတာ စစ်မှုထမ်းဖို့ ခေါ်သွားတယ်ဆိုပြီးတော့ ဖုန်းဆက်ပါတယ်။ အဲ့နောက်ပိုင်း အဆက်အသွယ်မရတော့ပါဘူး။ အခုထိ ဘယ်နေရာကို ဖမ်းဆီးသွားတယ် ဆိုတာလည်းမသိရသေးဘူး။ အသက် ၁၈ နှစ်မပြည့်သေးပါဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့တွင် အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်များတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း ရန်ကုန်မြို့မှ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article