30 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းသယ်ဆောင်လာသူ ၂ ဦးကို KNU က ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းသယ်ဆောင်လာသူ ၂ ဦးကို KNU က ဖမ်းဆီးရရှိကြောင်း ထိုင်းအခြေစိုက် မဲဆောက်သတင်းဌာနက သတင်းဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အတွင်း လှေတစ်စင်းကို KNU တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ပြီး ကမ်းသို့ ခေါ်ဆောင် စစ်ဆေးရာတွင် တာပေါ်လင်စဖြင့် အုပ်ထားသည့် မူးယစ်ဆေးဝါး ၄၉၉ ထုပ် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းနီးပါးကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ဆေးပြားများကို သယ်ဆောင်လာသူ ၂ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းရန်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ မူးယစ်ဆေးပြား သယ်ယူမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်သူများကို KNU၏ ကော်သူလေး ဥပဒေအရ အရေးယူမည်ဖြစ်ပြီး သေဒဏ်ချနိုင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article