ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် “China! Get out of Our Country, Burma” ခေါင်းစဉ်ဖြင့် လူထုသပိတ်တိုက်ပွဲကို ပြုလုပ်
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး (Chinese Consulate General Offices) ရှေ့တွင် “China! Get out of Our Country, Burma” ၊ မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအားနည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ခေါင်းစဉ်ဖြင့် ၁၅၅ ကြိမ်မြောက် စဉ်ဆက်မပြတ်ဆန်ဖရန်စစ္စကိုလူထုသပိတ်တိုက်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို Free Burma Action Committee-Northern California က ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ပြည်ပနွေဦးတော်လှန်ရေးအင်အားစုများ၏ တရုတ်အစိုးရနှင့် ပတ်သက်သော သဘောထားထုတ်ပြန်ကြေညာချက်များကို ဖတ်ကြားပြီး တရုတ်အစိုးရ၏ ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒကို ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ကြကာ တက်ရောက်လာသော ထောက်ပို့ပြည်သူများကလည်း တရုတ်ကောင်စစ်ဝန်ရုံးရှေတွင် မရပ်မနားဆက်လက်ပြီး မြန်မာပြည်တွင်းမှ ပြည်သူ့ကိုယ်စား ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြကြောင်း သိရှိရသည်။


