ဒီကနေ့ မေ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစုစီးဖို့ Airbus လေယာဉ်ကို ပြည်သူ့ဘဏ္ဍာတွေနဲ့ အပြတ်ဝယ်လိုက်ပေမယ့် နိုင်ငံပိုင် MNA လေကြောင်းလိုင်းက အမေရိကန် GE ကုမ္ပဏီကနေ ငှားရမ်းထားတဲ့ လေယာဉ်တွေအတွက်တော့ ငှားရမ်းခ မပေးနိုင်လို့ ပြန်အသိမ်းခံနေရတယ်လို့ မြန်မာ့လေကြောင်းလိုင်း သတင်းရင်းမြစ်ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
- မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ PDF တပ်ဖွဲ့တွေ ဖမ်းဆီးစစ်နေတယ်ဆိုတဲ့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင် ဆိုသူဟာ ဖမ်းဆီးခံရတာ မဟုတ်ဘဲ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းသွားတာဆိုပြီး စစ်ကောင်စီကိုယ်တိုင် သတင်းထုတ်ပြန်လာပါတယ်။
- ကရင်ပြည်နယ်က အာရှလမ်းမ စစ်ဆင်ရေးအတွင်း အပို့ခံထားရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ လက်တစ်ဆုပ်စာ အကြမ်းဖက် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို မကာကွယ်ဘဲ တော်လှန်ရေး တပ်တွေဆီမှာ အမြန်ဆုံး အလင်းဝင်ကြဖို့ KNLA က ဖိတ်ခေါ်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
