29.8 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့‌ကြောင်း ဗစ်တာပျောက်ကျားတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်တာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ‌့ မေလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကန်နီပျူစောထီးရွာ အရှေ့ဘက်ကို ကျေးရွာအတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၃၀ ခန့်ဖြင့် ရိက္ခာရှာဖွေရန် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“ကန်နီပျူရွာက စစ်ခွေးနဲ့ပျူတွေ အင်အား ၃၀ လောက်နဲ့ ရိက္ခာရှာထွက်တယ်လို့ သိရလို့ ကျန်တော်တို့ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာတော့ မျက်မြင် စစ်ခွေးတွေဘက်က ၁ ကောင်သေတယ်။ ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်။ ကျန်တော်တို့ ပြောချင်တာကတော့ ကန်နီရွာက လက်နက်ကိုင်တွေကော ပြည်သူတွေကော အမြန်ဆုံး လက်နက်ချ အလင်းဝင်ဖို့နဲ့ အနီးအနားရွာတွေက ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ပြောချင်ပါတယ်” ဟု ဗစ်တာပျောက်ကျားတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်တာ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပျောက်ကျားတပ်ဖွဲ့နှင့် ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ အညာ‌မြေပျောက်ကျားတပ်ဖွဲ့ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article