25.6 C
Yangon

ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ် အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သော လက်နက်ကြီးများ ထိမှန်ပြီး ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ ကျေးရွာ တစ်ရွာတွင် နေထိုင်သော ပြည်သူ တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျေးရွာအမည်တွေက လုံခြုံရေး အခြေအနေကြောင့် ဖော်ပြလို့မရပါဘူး။ ဖယ်ခုံမြို့ အရှေ့ခြမ်းကရွာတွေကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာ ပြည်သူ ၁ ဦး လက်နက်ကြီးကျည် ဒဲ့မှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာပါ။ ပြည်သူတွေ အနေနဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး သွားလာလှုပ်ရှားမှုကြဖို့ အထူးသတိပြုဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article