ရန်ကုန်၊ မေ ၁၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှာင်စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး သံဃာတော် ၁ ပါးနှင့် ကလေးငယ် ၄ ဦး အပါအဝင် ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၄၈ မိနစ်ခန့်အချိန် သပိတ်ကျင်းမြို့နယ် ၉ မိုင်ကျေးရွာနှင့် လမ်းလယ်ကျစ်ကျေးရွာ အကြားရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ ဦး သေ ဆုံး ခဲ့ပြီး ကလေး ၄ ဦးနှင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“၉ မိုင်ရွာနဲ့ လမ်းလယ်ကျစ်ကျေးရွာ အကြားက စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးပွဲချင်းပြီး သေဆုံးတယ်။ ကလေးငယ်တွေကော သံဃာတော် ၁ ပါးကော ထိခိုက်ဒဏ်ရာရတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နှိုးဆော်အပ်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






