ဒီကနေ့ မေ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးနေတဲ့ ဂါတ်တန်းဗလီဝတ်ကျောင်းတော်ကို စစ်ကောင်စီက ၃ ရက်အတွင်း အပြီးဖယ်ရှားပေးရန် အမိန့်ထုတ်လာတယ်လို့ အစ္စလမ်အသိုင်းအ၀ိုင်းက ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယား နိုင်ငံမှာ တရားစွဲဆိုနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
- ရန်ကုန်မြို့လယ်ခေါင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးသူငယ်တွေ၊ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့တဲ့ ကလေးသူငယ်တွေအားလုံးကို ရည်ရွယ်ကာ Yangon Revolution force က သွေးစွန်းကျောင်းလွယ်အိတ်၊ ဖတ်စာအုပ်တွေနဲ့ သရုပ်ဖော် ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
