29 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက သူတို့လုပ်မယ့် ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးထားတဲ့ မြို့တွေကို ပြန်လည် သိမ်း ပိုက်ရေး၊ ပြန်လည် နယ်မြေစိုးမိုးရေး၊ ထိုးစစ်ဆင်ရေး နဲ့ လေကြောင်း တိုက်ခိုက်မှုတွေပြု လုပ်ရေးအတွက် နေပြည်တော်စစ်ရုံးမှာ မင်းအောင်လှိုင်ကိုယ်တိုင် စစ်ရေးအစည်းအဝေးတွေ ဆက်တိုက်ခေါ်ယူခဲ့ပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အသက်သွေး ကြော ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက်က စစ်တပ်စခန်းတွေကို KNU က ဆက်တိုက်သိမ်းပိုက်နေမှုဟာ မြို့ကြီးတွေ သိမ်းပိုက်မှုထက် ပိုမိုအရေးပါတဲ့ အခြေနေကို ရောက်နေပြီလို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်းက တံတားညီနောင်အနီး KIA-PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ် အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရာရ တဲ့သူတွေ တော်တော်ကို များနေပြန်သလို သူတို့ဆီကနေ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိ ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article