32 C
Yangon

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီ -NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်း၍ ရာမည မွန်တပ်တော် ဖွဲ့စည်းထူထောင်

Must read

ရန်ကုန်၊ မေ ၂၄

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီ -NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်း၍ ရာမည မွန်တပ်တော် ဖွဲ့စည်းထူထောင်လိုက်ကြောင်း အဆိုပါ အဖွဲ့ ၂ ခုက ထုတ်ပြန် ကြေညာသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ် ထွန်းရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ပေါင်းစည်းလိုက်ပြီး ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” ကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့် MLA ဦးဆောင်အဖွဲ့တို့ပါဝင်သော NMSP (AD) နိုင်ငံရေး၊ စစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး NMSP (AD) နိုင်ငံရေးစစ်ရေး ကော်မတီဝင်များက နိုင်ငံ ရေးစစ်ရေးဦး ဆောင်ကော်မတီ ၉ ဦးကို ရွေးချယ်ပြီး ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ် တို့ကို ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

NMSP(AD) နိုင်ငံရေးစစ်ရေးကော်မတီ ဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော် RMA ၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၇ ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် ၁ အဖြစ် ဗိုလ်မှူးကြီစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် ၂ အဖြစ် ဗိုလ်မှူးကြီးကျည်ဆံတို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရှိရသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ရာမညမွန်တပ်တော် (NMSP(AD)/RMA) တို့သည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ၂ ခု၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article