32 C
Yangon

ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမ ၃ လအတွင်း မြန်မာနိုင်ငံသားများက ထိုင်းဘတ် ၁ ဒသမ ၅၉ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၄၃၉ ခန်း ဝယ်ယူပြီး ဒုတိယအများဆုံးဝယ်ယူသူများအဖြစ် စာရင်းဝင်

Must read

ရန်ကုန်၊ မေ

ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမ ၃ လအတွင်း မြန်မာနိုင်ငံသားများက ထိုင်းဘတ် ၁ ဒသမ ၅၉ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၄၃၉ ခန်း ဝယ် ယူပြီး ဒုတိယအများဆုံးဝယ်ယူသူများအဖြစ် စာရင်းဝင်လာကြောင်း ထိုင်းသတင်းများက သတင်းဖော်ပြသည်။

ယခုနှစ် ၂၀၂၅ ခုနှစ်၏ ပထမ ၃ လအတွင်း တရုတ်နိုင်ငံသားများက ကွန်ဒိုခန်း ၁၄၈၁ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ် ၆ ဒသမ ၁၂ ဘီလီယံ ဝယ်ယူပြီး ပထမအများဆုံး ဝယ်ယူကြောင်း၊ မြန်မာနိုင်ငံသားများက ထိုင်းဘတ် ၁ ဒသမ ၅၉ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၄၃၉ ခန်း ဝယ်ယူပြီး ဒုတိယအများဆုံးဝယ်ယူသူများဖြစ်လာကာ ရုရှားနိုင်ငံက ကွန်ဒိုခန်း ၂၈၈ ခန်း ဝယ်ယူပြီး တတိယအများဆုံး ဝယ်ယူသူများဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအိမ်ခြေသတင်းအချက်အလက်စင်တာ၏ အချက်အလက်များအရ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ကွန်ဒိုဝယ်ယူမှုမှာ အနည်း ငယ်ကျဆင်းသွားပြီး တရုတ်နိုင်ငံသားများက ဝယ်ယူမှုတွင် ဦးဆောင်နေဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများကမူ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု သိသိသာသာ မြင့်တက်လာကြောင်း၊ ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမ ၃ လအတွင်း ကွန်ဒို အခန်းပေါင်း ၃၉၁၉ ခန်း တန်ဖိုးအားဖြင့် ၁၆ ဒသမ ၃၉ ဘီလီယံဖိုး ကွန်ဒိုခန်းများကို နိုင်ငံခြားသားများထံသို့ ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်လိုမှု အခြေအနေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ဝယ်လို အား ဆက်လက်များပြားတိုးပွားနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article