30 C
Yangon

သထုံ၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ် တို့တွင် စစ်တပ်က အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ခရီးသွားပြည်သူများနှင့် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားသည်။

မေလ ၂၁ ရက်နေ့တွင် ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သံဆိမ်စခန်းမှ စစ်ကောင်စီ တပ်သားများက ထင်ကျော် ရော်ဘာခြံ နတ်စဉ်တံတားတွင် ခရီးသွာလာ နေသော ပြည်သူများကို K3 သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးသည် ဝိုင်ကျွန်းကျေးရွာမှ အသက် ၅၄ နှစ်အရွယ် ဦးမင်းအောင် ၊ တပင်ချောင်းကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းဌေးတို့ဖြစ်ပြီး တပင်ချောင်း ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အောင်ဇေယျာထွန်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

ထို့ပြင် မေလ ၂၃ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ရွေဝါတပ်ရင်း ခမရ-၃၀၇ မှ စစ်ကောင်စီ တပ်သားများက ဟောင်ဝှစ်ဇာလက်နက်ကြီး ၁၅၅ မမ ဖြင့် မတောကုန်း ကျေးရွာကို ၂ လုံးပစ်ခတ်ခဲ့ရာ မတောကုန်းကျေးရွာမှ ဒေါ်စန်းကြည်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခ့ပြီး အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းကြည် နှင့် မတောကုန်းကျေးရွာမှ အသက် ၇၅ နှစ်အရွယ် နော်အေးရွှေ တို့သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၂၁ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် သထုံမြို့နယ်၊ ကဒီပုကျေးနယ်အုပ်စု၊ ပဏ္ဍိကုန်းကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ အမြောက်တပ် ၃၁၄ က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ် ခတ်ခဲ့ရာ ပဏ္ဍိကုန်းရွာမှ အသက် ၄၈ နှစ်အရွယ် နော်အေးနိုင် သေဆုံးခဲရ့ပြီး နော်မီးနု နှင့် သမီးဖြစ်သူ နော်ခင်ပပလေး တို့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် ၅ လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article