30 C
Yangon

မင်းလှတွင် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး၊ တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့‌သော စစ်သား အလောင်း ၄ လောင်းကို PDF က သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၂၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမအတွင်း တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး တောထဲတွင် ဖြစ်သလို စွန့်ပစ်ခဲ့သော အလောင်း ၄ လောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမထဲရှိ ခါချဉ်တောင်ပေါ်သို့ စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဟိုင်းယုလမ်းဆုံနှင့် ပျဉ်ကတိုးခင်းရွာ အကြားရှိ တရုတ်ပေါက် ကျောက်ကုန်းအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်း မှ တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁ နာရီခန့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ဘန့်ဘွေးကုန်းရွာဘက်ကို တပ်ပျက်၍ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကို လာကောက်သည့် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး ရဲဘော်များ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

နေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တော်လှန်ရေး ရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နေရာအနီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပီး ချောက်ကမ်းပါးအတွင်း ပစ်ချထားသော စစ်သား မသာ အလောင်း ၁ လောင်း၊ ဖြစ်သလို မြေမြုပ်ထားသည့် စစ်သား မသာ အလောင်း ၃ လောင်းနှင့် သွေးအိုင်ကွက်များကို တွေ့ရှိခဲ့ပြီး စစ်သားမသာ အလောင်းများကိုကောင်းမွန်စွာ မြေမြုပ် သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

“အခုတိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းက မုက္ခာဆည်မှာ မြွေကိုက် ရေနစ်ခဲ့တဲ့ ကောင်တွေပဲ အဲကောင်တွေကို ညပိုင်းမှာစောင့်ကြို တိုက်ခိုက်ခဲ့တာ ဗိုလ်လေးဆိုပြီး စကားပြောပြီး တက်လာတဲ့ ကောင်ကို အရင်ဆုံး ၄၀ မမ နဲ့ ပစ်ချလိုက်ပြီး ထိတွေ့ တိုက်ပွဲတွေ စဖြစ်တာပေါ့။ တိုက်ပွဲမှာ စစ်ခွေး ၁၀ ကောင်သေတယ်။ နယ်မြေရှင်းလင်းရင်းလုပ်တော့ ပုတ်ဆော်ထွက်နေတဲ့နေရာတွေကို တွေ့လို့ တူးကြည့်တာ ကျင်းတစ်ကျင်းထဲ စုပြီးမြုပ်ထားတဲ့ ခွေးမသား အလောင်း ၃ လောင်းနဲ့ ချောက်ထဲ ပစ်ချခဲ့တဲ့ အလောင်း ၁ လောင်းကို သိမ်းဆည်းရရှိခဲ့တယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article