ရန်ကုန်၊ မေ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သားပြည်သူများ နေထိုင်သော နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ သက်ကြီးပိုင်း လင်မယား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ရှိ စစ်ကောင်စီ၏ ခမရ ၃၈၉ က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ ဟဲပါကျေးရွာရှိ ဦးချမ်းမောင်၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက် နက်ကြီးကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၆၂ နှစ်အရွယ် ဦးချမ်းမောင်နှင့် ဇနီးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်ပြုံးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာတော့ မရှိဘူး။ ပြည်သူလူထုနေထိုင်တဲ့နေရာတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တာပါ။ လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၁ ဦး အပြင်းအထန်ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်တင်နုမှာ ခြေထောက် ၂ ဖက်လုံးတွင် အပြင်း အထန်ဒဏ်ရာရရှိထားပြီး လက်ရှိ ချောင်း၀တိုက်နယ်ဆေးရုံတွင် ဆေးကုသနေရကြောင်း၊ လူနာမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




