28 C
Yangon

ငါန်းဇွန်၊ နဘဲပင်ရွာမှ ပြည်သူများကို စက်တပ်က ရိုက်နှက်ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ကာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၂၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ရိုက်နှက်ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ကာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ပြီး ငါန်းဇွန်မြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဘဲပင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာများအတွင်းကို စစ်သားများနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူပိုင် ရွှေငွေ ၊ ဆိုင်ကယ် ၊ ကား များ အပါအဝင် ဆန် ၊ ဆီများကိုပါ ယူဆောင်သွားပြီး ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

မေလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နဘဲပင်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂၄ ရက်နေ့ နံနက် အစောပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်နှင့် အဆောက်အဦးများ ထပ်မံ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်ထိ ရွာထဲ၌ နေထိုင်ရဲခြင်းမရှိသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည့်သူပိုင်ပစ္စည်းများကို သယ်ယူသွားရာတွင် ငွေကျပ် သိန်းထောင်ချီဖိုးရှိပြီး NLD အစိုးရ လက်ထက်က ခန့်အပ်ခံရသော ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင်ပြည်သူများကိုလည်း ဖမ်းဆီး နှိပ်စက်ကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ဧပြီ ၂၈ ရက်နေ့တည်းက ရောက်နေတာ နဘဲပင်ကျေးရွာကို သူတို့ ရောက်ရောက်ခြင်း ဝင်ရောက် စီးနင်းတယ်။ ရွာထဲက ပစ္စည်းအားလုံးကိုလည်း စစ်ခွေးတွေက ယူသွားတယ်။ ဆိုင်ကယ်တွေ ကားတွေက အစ အကုန်ယူတာ နေအိမ် ၂ လုံးကိုပြီးရှို့သွားတယ်။ လက်ရှိချိန်ထိလည်းရွာထဲကို စစ်ခွေးတွေက ဒရုန်းတွေနဲ့ ဗုံးကျဲနေလို့ ရွာလုံးကျွတ် ထွက်ပြေးနေရတုန်းပဲကျေးရွာထဲက အရပ်သားအစိုးရ လက်ထက်မှာ ခန့်အပ်ခံရတဲ့ ရွာလူကြီးအပါအဝင် ပြည်သူအချို့ကို ဖမ်းဆီး နှိပ်စက်ပြီးလည်း ခေါ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article