ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီးများက ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူများမွေးမြူထားသည် သိုး ၅ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကို စက်တပ် လေထီးနဲ့ ဗုံးသီး ၂ လုံးကျဲချ သွားတာ အထိအခိုက် အပျက်စီး အနည်းငယ်ရှိတယ်။ သိုး ၅ ကောင်လောက် သေဆုံး။ လူကတော့အသေးမွှားလေး လောက်ပဲ ထိခိုက်မှုရှိပါတယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ်လေထီးများကို အသုံးပြု၍ ကျေးရွာများသို့ ဗုံးကျဲမှုများ အကြိမ်ရေ အများအပြား လုပ်ဆောင်လာနေပြီး ယခု မိုးတွင်းကာလအတွင်း ရာသီဥတု တည်ငြိမ်သော နေ့ညမရွေး စက်တပ် လေထီးများဖြင့် ဗုံးကျဲတိုက် ခိုက်မှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
