ရန်ကုန်၊ ဇွန် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဇီးကုန်းနှင့် အလူးကြီးရွာထဲသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၁၀ လုံးပစ်ခတ်ခဲ့၍ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်နှင့် လက် အောက်ခံ ခမရ-၃ တပ်စခန်းတို့က ၁၂၀ မမ လက်နက်ကြီး ၈ လုံး ဇီးကုန်းရွာထဲသို့ ပစ်ခတ်ရာ လက် နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၅၃ နှစ်အရွယ် ဒေါ်အေးဆန်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ် ရာရရှိခဲ့ပြီး ဦးဖိုးပိန်နှင့် ဦးကိုဦးနေအိမ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃ မိနစ်အချိန် အကြမ်းဖက်စစ်တပ်၏ ခမရ-၃ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီး နှစ် လုံး အလူးကြီးရွာထဲသို့ ပစ်ခတ်ခဲ့ရာ ၁ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ အရွယ် မဝါဝါဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က ပြောသည်။
ကျိုက်ထိုမြို့ အခြေစိုက်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ-၄၄ နှင့် ၎င်းလက် အောက်ခံ တပ်ရင်းစခန်းများက ရည်ရွယ်ချက်ရှိရှိ ပြည်သူများရှိရာ နေရာများထဲသို့ မကြာခဏလက်နက်ကြီးပစ်ခတ်နေကာ စစ်ကြောင်းထိုးဝင်ရောက်၍ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်နေခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




