26.9 C
Yangon

မြိုင်မြို့နယ်၊ ဇီးတောရွာရှိ စစ်ဘေးရှောင် ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံးပြီး စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းလုံး၀ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ ဇီးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ စေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ကျဲသွားတာ အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူများတယ်။ ၇ ဦးလောက်ရှိတယ်။ ဒဏ်ရာရရှိသူ ၂ ဦးက စိုးရိမ်ရတယ်။ ကလေးငယ်တွေလည်း သတိလစ်တာတွေရှိတယ်။ ကမ္မ အပါဝင် ပေါက်လမ်းအနီးတဝိုက်က ရွာတွေက ပြည်သူတွေက ဘုန်းကြီးကျောင်းမှာ စစ်‌ရှောင်နေတာ ဘုရားရှိခိုးတဲ့နေရာကို ကျသွားတာ အသက်အရွယ်ကတော့ မသိရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်တောင်ပိုင်း ဇီးတောကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အညာမြေမြိုင်မြို့နယ်နှင့် ပေးပို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article