28 C
Yangon

ရေနံချောင်းတွင် စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့ ရေနံချောင်းမြို့မှ ထွက်လာသော ခလရ ၈၈ ၊ ခလရ ၇၇ ၊ ခလရ ၁၃ ပူးပေါင်း စစ်ကြောင်းသည် စခန်းကန်အုပ်စု၊ ကံသာရွာသစ်ကျေးရွာသို့ ဝင်ရောက်ပြီး ၃ ညအိပ်တပ်စွဲကာ ပြည် သူ့နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့နောက် မကျည်းကန်အုပ်စု၊ လုံချို ကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

“အခုဝင်လာတဲ့ စစ်ကြောင်းကလည်း စခန်းကန်အုပ်စု ကန်သာရွာသစ်ကျေးရွာကို အနည်းဆုံးနေအိမ် ၁၀ လုံးဝန်းကျင်လောက်ရှိမယ်၊ မီးရှို့ဖျက်ဆီးထားတာ၊ နေအိမ် ၁၀ လုံးဆိုတာခန့်မှန်းခြေပေါ့၊ သူတို့ နေခဲ့တဲ့ ၃ ညအိပ် ၄ ရက်အတွင်း နေ့တိုင်းလိုမီးရှို့တာပေါ၊ ကံသာရွာသစ်ကနေ ထွက်လာတဲ့နေ့မှာ လည်း ထပ်ပြီးမီးရှို့ခဲ့သေးတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ပြီးခဲ့သည့်မေလ ၂၇ ရက်နေ့ကလည်း ရေနံချောင်းမြို့နယ်၊ မကျည်းကန်အုပ်စု၊ လုံချိုကျေး ရွာကို ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး နေ အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ အလားတူ အင်တောအုပ်စု၊ အင်တောကျေးရွာကိုဆက် လက်ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်အတွင်းတွင်စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၁၀ ထက်မနည်း ပြည်သူများမှာ မိုးထဲ၊ ရေထဲ အရေးပေါ်စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်နေရသည်မှာ ကာလ ကြာမြင့်လာပြီဖြစ်သောကြောင့် အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရ သည်။

ဓာတ်ပုံ – အညာဒေသတွင် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသတွင် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article