ဒီကနေ့ ဇွန် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရဲ့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေး တပ်တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်က အရာရှိ ၂ ဦးအပါ အဝင် စစ်သား ၅ ဦးကတော့ အသီးသီး သေကုန်ကြပြီး၊ လက်ရှိ နမခ စစ်ဌာနချုပ်ထဲမှာ ကြောက်လန့်မှု တွေဖြစ်နေသလို ညအချိန်ဆို မီးတွေ အားလုံးပိတ်ထားဖို့ကိုပါ တိုင်းမှူးကိုယ်တိုင်က အမိန့်ထုတ်ထား တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးအိုးဘိုထောင်အကျဉ်းထောင်မှာ မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံ ရပြီး ဆေးကုသခွင့်မရဘူးလို့ စစ်ကိုင်းတိုင်း လူထုသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
- ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်က အုန်းပင်စု ကျေးရွာမှာ အထိုင်ချထားတဲ့အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၈ ဦးကတော့အသီးသီး သေကုန်ကြတဲ့အပြင် ၊အဲဒီ စစ်သားမသာအလောင်းတွေနဲ့အတူ သူတို့ဆီကနေ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
