ဒီကနေ့ ဇွန် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တရားခွင်မှာ အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်း ဗီဒီယို နဲ့ လူထုခေါင်းဆောင်ရဲ့ ထောင်တွင်း နေ့စဉ် နေထိုင်မှု မှတ်တမ်းတွေဟာ ဂါးဒီးယန်းသတင်းဌာနကို ပေါက်ကြားလာပါတယ်။
- ရန်ကုန်မြို့က အင်းစိန်ဘူတာ နဲ့ ဒီဇယ် စက်ရုံတိုင်း ၇ နားမှာရှိတဲ့ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းတွေရဲ့ နေအိမ် ၂၀၀ ဝန်းကျင်ကို AME စက်ရုံက စစ်တပ်ခေါ် ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမ ဖျက်ခိုင်းနေတဲ့အတွက် ကိုယ့်အိမ်ကိုယ် ဖျက်ပေးနေရတယ်လို့ ပင်စင်စားဝန်ထမ်း မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက မုံရွာ-မန္တလေးလမ်းမပေါ်မှာ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေပါ အိမ်စီးကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကားပေါ်မှာ ပါလာတဲ့ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးကတော့ ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့ အပြင် သူတို့ဆီကနေ သေနတ် ၅ လက်ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး ကားကိုတော့ မီးရှို့ရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
