26.4 C
Yangon

ဇီးကုန်းတွင် PDF ကို ဂရုမစိုက်ဟုဆိုကာ ပစ္စတိုသေနတ် ခါးကြားထိုး၍ သွားလာနေသော လက်နက်ကိုင် ပျူစောထီး ဘသန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၃

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး တောင်းခံပြီး PDF များကို ဂရုမစိုက်ဟု ကြွေး ကြော်နေသည့် လက်နက်ကိုင် ပျူစောထီး ဘသန်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၂ Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီ ၄ဝ မိနစ်ခန့်အချိန် ဇီးကုန်းမြို့နယ်၊ ရွှေဖလားရွာမှ အကြမ်းဖက် စစ်တပ်ဒေါက်တိုင် ပျူစောထီး ကုလား (ခ) ဘသန်းကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၂ Phoenix D F မှ တော် လှန်ရေး ရဲဘော်များက ၎င်းနေအိမ်အတွင်း သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ကုလား (ခ) ဘသန်းသည် ပစ္စတို တစ်လက်ကို ခါးတွင်ထိုး၍ ရပ်ရွာထဲတွင် စစ်မှုထမ်းကြေးပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုနေပြီး စစ်မှုထမ်းထည့်မည်ဟုဆိုကာ လူငယ်များကို စစ်မှုထမ်းအဖြစ် ဆွဲသွင်းနေသူဖြစ်ကြောင်း၊ ထို့ပြင် PDF များကိုလည်း ဂရုမစိုက်ကြောင်း ကြွေးကြော်နေသူဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် လုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၂ Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၂ Phoenix D F တပ်ဖွဲ့အနေဖြင့် စစ်သား ၊ ရဲ ၊ ပျူစောထီးများနှင့် စစ်တပ်ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် ၎င်းတို့အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားခြင်းမပြုကြရန် အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article