25.5 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့က လှိုင်သာယာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို တော်လှန်ရေးရဲဘောတွေက ရဲတွေလက်ထဲကနေ ပစ်ခတ် ကယ်ထုတ်သွားပြီး ၊ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ဒုရဲအုပ် ၁ ဦးသေသွားတဲ့အပြင် ရဲအရာရှိ ၁ ဦးဒဏ်ရာရသွားတယ်လို့ စစ်ကောင်စီ ကိုယ်တိုင်က သတင်းထုတ်ပြန်ထားသလို ၊ ဒေသခံပြည်သူတွေကလည်း ပြောထားပါတယ်။
  • မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ အဝင်အထွက်စာရင်းကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လစဉ် အမြဲမပြတ် စစ်ဆေးနေပြီး နိုင်ငံခြားငွေသုံးစွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း သူကပဲ တိုက်ရိုက် ကိုင်တွယ်နေတယ်လို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မကွေးတိုင်းက တောင်တွင်းကြီးမြို့နယ်မှာ စစ်မှုထမ်းကြေး အဆမတန် ကောက်ခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အိုးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်လတ်ဆိုသူကို တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းရာမှာ ပွဲချင်းပြီးကို သေသွားတဲ့သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article