25 C
Yangon

မြန်မာနိုင်ငံ၏စီးပွားရေး အနုတ်လက္ခဏာ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက် အချက်အလက် မှန်ကန်မှုနှင့် ပြည့်စုံမှု မရှိဟု မင်းအောင်လှိုင်က တုံ့ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာနိုင်ငံ၏စီးပွားရေး အနုတ်လက္ခဏာကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားမှုမှာ အချက်အလက်များ မှန်ကန်မှုနှင့် ပြည့်စုံခြင်း မရှိကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က မိမိတို့နိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့ တွက်ချက်သည့်စာရင်းများတွင် အချက်အလက်များ မှန်ကန်မှုမရှိခြင်းနှင့် ပြည့်စုံမှုမရှိခြင်းများရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်းနေထိုင်သူများက ကြိုးပမ်းဆောင်ရွက်ပါက နိုင်ငံ၏ GDP မှာတိုးတက်လာမည်ဖြစ်ကြောင်း မင်းအောင်လှိုင်ကဆိုသည်။

မင်းအောင်လှိုင်က ၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒမသ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ရှင်းလင်းပြောဆိုသည်။

ဇွန်လအတွင်း ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာရေးနှစ် စီးပွားရေး GDP မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားမည်ဖြစ်ကြောင်း ၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ ငလျင်ကြောင့် ယခင်ခန့်မှန်းထားသော စီးပွားရေး အခြေအနေအထက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော့ကျသွားမည်ဖြစ်ကြောင်း ၊ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မြန်မာ့ စီးပွားရေး GDP ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသော ခန့်မှန်းခြေ ဒေါ်လာ ၁၁ ဘီလီယံခန့် ပျက်စီးခဲ့ကြောင်း ၊ နေပြည်တော်နှင့် မန္တလေးတို့သည် ငလျင်ဒဏ် အများဆုံးနှင့်အဆိုးဆုံးခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် စီးပွားရေးအခြေအနေ ဆိုးဝါးနေပြီး ၂၀၂၅ ခုနှစ် ဧပြီလအထိ ငွေကြေး ဖောင်း ပွမှုမှာ ၃၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ၊ လက်ရှိတွင် နိုင်ငံအတွင်း လူ ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး ၂၀၂၄ ခုနှစ်၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ နေပြည်တော်စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် ပိုမိုမြင့်တက်လာသည်ဟု သုံးသပ်မှုများရှိခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်မလုပ်နိုင်၍ ဆင်းရဲမွဲတေခြင်းဟူ၍ ဖြစ်နိုင်ချေနှစ်ရပ်ရှိကြောင်း၊ မြန်မာပြည်သူများသည် ကျေးလက်နေ ပြည်သူအများစုဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲမွဲတေမှုလျှော့ချမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article