25.7 C
Yangon

ကရင်နီတွင် ပျက်ကျသော စစ်တိုက်လေယာဉ်မှာ တရုတ်ထုတ် FTC 2000 G ဖြစ်ပြီး လေယာဉ်မှူး ၂ ဦး အလောင်းတွေ့ရှိရ၊ FTC 2000G တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းတန်ကြေးရှိ

Must read

🟥 လေယာဉ်မှူးအလောင်း ၂ ခုထံမှ ပစ္စတို ၂ လက်တွေ့ရှိရပြီး ၁ လက်မှာ အကောင်းအတိုင်းကျန်ကာ ၁ လက်မီးလောင်

ရန်ကုန်၊ ဇူလိုင် ၃

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်တွင် ပျက်ကျသွားသော စစ်တပ်၏တိုက်လေယာဉ်မှာ တရုတ်ထုတ် FTC 2000 G ဖြစ်ပြီး လေယာဉ်မှူး ၂ ဦး အလောင်းတွေ့ရှိရကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီ၏ FTC 2000 G တိုက်လေယာဉ်ပျက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပျက်တွင် လေယာဉ်မှူး ၂ ဦး၏ အလောင်းကိုလည်း တွေ့ရှိရကြောင်း၊ ဇူလိုင်လ ၁ ရက် ညပိုင်းက ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းဖြင့် ဗုံးကျဲ၍ စစ်ကူ ပေးရန် လာရောက်သည့် FTC-2000G အမျိုးအစား ဂျက်ဖိုက်တာတစ်စီးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ပစ်ချခဲ့ရာ လေယာဉ်ကို ထိမှန်ပြီး ဖားဆောင်းမြို့နှင့် ကျောက်စုကျေးရွာ၌ ပျက်ကျ သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျက်ကျသွားသည့် လေယာဉ်ပေါ် စီး နင်းလိုက်ပါလာသူ လေယာဉ်မှူး တစ်ဦးမှာ လေယာဉ်နှင့်အတူ မီးလောင်သွားပြီး ကျန်တစ်ဦးမှာ လေထီးဖြင့် ခုန်ဆင်းစဉ် သစ်ပင်ငြိ ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“လေယာဉ်ပေါ်လာတဲ့ လေယာဉ်မှူးတစ်ဦးက လေထီးတော့ပွင့်တယ်၊ ခန္ဓာကိုယ်တစ်ပိုင်းက သစ်ပင် ပေါ်မှာချိတ်နေတာ၊ နောက်တစ်လောင်းကတော့ လုံးဝ မီးလောင်သွားတာ၊ သေနတ်က ၂ လက်၊ တစ်လက်ကတော့ မီးလောင်သွားတယ်၊ တစ်လက်ကတော့ အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့ ပါ တယ်၊ အကောင်းအတိုင်းရတာက အတိုတစ်လက်ရခဲ့တာ” ဟု ကရင်နီတော်လှန်ရေး သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဉ် ၁ စီး၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဝန်းကျင်ရှိကြောင်း ကမ္ဘာ့ကာကွယ်ရေးဆိုင်ရာများကို လေ့လာနေသည့် Janes Website က ဖော်ပြထားသည်။

စစ်ကောင်စီက တရုတ်နိုင်ငံထုတ် FTC 2000G လေယာဉ်သစ် ၆ စီး ဝယ်ယူခဲ့ပြီး နမ့်စန်လေတပ်တွင် ၃ စီး၊ မိတ္တီလာလေတပ်တွင် ၃ စီး ထားရှိကြောင်း၊ FTC 2000G လေယာဉ်အုပ်မှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးကို စစ်ကောင်စီက ခန့်အပ်ထားပြီး နမ့်စန် လေတပ်တွင် ကြီးကြပ်ကွပ်ကဲနေကြောင်း၊ မိတ္တီလာလေတပ်ရှိ FTC 2000 G လေယာဉ်သစ် ၃ စီးကို ဗိုလ်မှူး ဇေယျာထွန်းက ဦးစီးလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးတွင် FTC 2000 G လေယာဉ်ကို KIA က ပစ်ခတ် ချခဲ့သဖြင့် ပျက်ခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီက FTC-2000 G တိုက်လေယာဉ် ၃ စီး (လေယာဉ်အမှတ် 1413 ၊ 1411 ၊ 1407 ) ထပ်မံ အင်အားဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article