ရန်ကုန်၊ ဇူလိုင် ၃
ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို တိုက်ခိက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တိုက် လေယာဉ် ၁စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၅ ရက်နေ့ဖားဆောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ခလရ ၁၃၄ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး ၁၂၀ မမ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီအချိန် ဖားဆောင်းမြို့တိုက်ပွဲသို့ ဗုံးကျဲတိုက်ခိုက်ရန် ပျံသန်းလာသော စစ်ကောင် စီ၏ ဂျက်တိုက်လေယာဉ် ၄ စီးကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC 2000 G အမျိုးအစား တိုက်လေယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဖားဆောင်မြို့အနီး ဝန်းကျင်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်မှူး ၂ ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုလည်း တွေ့ရှိရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





