28.3 C
Yangon

မတ္တရာ၊ ဘီးလင်းနှင့်ကျိုက်ထိုတို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၄

အကြမ်းဖက်စစ်ကောင်စီက မတ္တရာ၊ ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်အချိန် အကြမ်းဖက်စစ်ကောင်စီက မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦး အသက်ဆုံးရှုးခဲ့ရပြီး နို့စိုအရွယ်ကလေးငယ် ၁ ဦးအပါအဝင် စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အလားတူ မတ္တရာမြိုပေါ်မှ စစ်တပ်က ဝေါရွာသစ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၅ နှစ်အရွယ် အဘိုးအို ၁ ဦး အသက်ဆုံးရှုးခဲ့ရပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မတ္တရာဘက်မှာတော့ တိုက်ပွဲဖြစ်တာ နည်းပေမယ့် စစ်တပ်က ရမ်းသမ်းပစ်ခတ်နေတာတွေများတယ်။ ပြည်သူတွေကတော့ ကိုယ့်ရပ်ရွာ ကိုယ် မပြန်နိုင်သေးတဲ့ရွာတွေလည်းများတယ်။ အဓိက လေကြောင်းတိုက်ခိုက်မှု ကြောင့်နဲ့ စစ်ကြောင်းထိုးလာမှာ စိုးရိမ်တာကြောင့်ပါ။ မတ္တရာမြို့ပေါ်မှာတော့ စစ်တပ်က အဓိက ထိန်းချုပ်ထားတယ်” ဟု မတ္တရာမြို့နယ်မှ စစ်ဘေးရှောင် ကူညီရေးပရဟိတသမားတစ်ဦးက ပြောဆိုသည်။

ထို့အတူ ဇွန်လ ၂၆ ရက်နေ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးနယ်၊ လေးကေကျေးရွာတွင် အခြေချ တပ်စွဲထားသော တပ်မ ၄၄ ၊ ခမရ ၂ တပ်ရင်းစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လေးကေကျေးရွာအတွင်းတွင်ပင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန်ကလည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာသို့ စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာနေအိမ် ၁ လုံး ပျက်စီးပြီး အရပ်သားပြည်သူ ဒေါ်ဌေး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article