26.8 C
Yangon

လှိုင်းဘွဲ့နှင့် မြိတ်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သား ၄ ဦးက သေနတ် ၂ လက်နှင့်အတူ ခဲယမ်းများ ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် လှိုင်းဘွဲ့ မြို့မ ရဲစခန်းမှ ရဲတပ်သား ရန်နိုင်လင်းသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းထံ ထွက်ပြေး အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရဲတပ်သား ရန်နိုင်လင်းသည် ပြည်မြို့၊ ဝက်ထီးကန်ရှိ အမှတ် ၂ အခြေခံ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် အပတ်စဉ် – ၂၉၂ စည်သူတပ်ခွဲ၌ သင်တန်းတက်ရောက်ခဲ့ကာ ရဲလုပ်သက် ၁၁ နှစ်ရှိပြီး လှိုင်းဘွဲ့မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့သူ သေနတ် မပါဘူး။ အလင်းဝင်ရောက်လာတဲ့သူ က ဘယ်လိုပုံစံနဲ့ ချိတ်ဆက်ဝင်ရောက် လာတာလဲဆိုတော့ ထွက်ပြေးရာတဲ့လမ်းကြောင်းက နည်းနည်းအလှမ်းဝေးတော့ ကိုယ်လွတ်ရုန်းပြီးပဲထွက်ပြေးလာတာပါ။ သူက ကျွန်းစု ဇာတိပါ။ လက်ရှိသူ့မိဘတွေကတနင်္သာရီဘက်ကရွာတစ်ရွာမှာရှိတယ်။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်တာကတော့ မူဝါဒ အတိုင်းဆက်လက်ဆောင်ရွက်နေပါတယ်။ အလင်းဝင်တဲ့သူကို ဘယ်လို ဆက်လက်ဆောင်ရွက်ထားလဲဆိုတော့ သေချာစိစစ်(စောင့်ကြည့်ဆဲ) ပြီးကောင်းမွန်စွာထားထားပါတယ်။ နောက်ထပ်ဘက်ပြောင်းခိုလှုံချင်သူတွေအများကြီးရှိဦးမယ်လို့မျှော်လင့်ပါတယ်။ ကျနော်တို့ဘက်ကလည်းအမြဲ လက်ကမ်းကြိုဆိုနေပါတယ်”ဟု People’s Defense Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူက ပြောဆိုသည်။

အလင်းဝင်ရဲတပ်သားမှာ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို လက်မခံနိုင်၍ မတ်လတွင် မိဘများရှိရာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာခဲ့ပြီး မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းကလည်း ကောင်းမွန်စွာစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် အခြေစိုက် ခလရ ၂၆၅ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် သေ နတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိတ်မြို့နယ် အခြေစိုက် ခလရ ၂၆၅ မှ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် KNU/KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံသို့ MA1 သေနတ် ၁ လက်၊ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် ၃ ခုတို့ ယူ ဆောင် လာခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၁ ရက်နေ့တွင် မြိတ်ခရိုင်၌ စစ်ကောင်စီ တပ်သား ၂ ဦးသည် KNDO ထံ MA3 သေနတ် ၁ လက်၊ ကျည် ၄ ဘောက် နှင့် ကျည် ၁၂၀ တောင့် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ အလင်းဝင်ရောက်လာသူ ၂ ဦးကိုလည်း ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article