ရန်ကုန်၊ ဇူလိုင် ၄
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက သတင်းရေးသားဖော်ပြသည်။
ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်း ကန်ချနဘူရီခရိုင်အတွင်း သတင်းများအရ မော်တော်ယာဉ် နံပါတ်ပြားအတု သုံးစွဲလာသော ကားတစ်စီးကို စစ်ဆေးခဲ့ရာ အဆိုပါ ယာဉ်တွင် ပြွတ်သိပ်၍ လိုက်ပါလာသော မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးရရှိကြောင်း၊ မြန်မာနိုင်ငံသားများထံတွင် တရားဝင် စာရွက်စာတမ်းမရှိဘဲ ဘန်ကောက်၊ မဟာချိုင်တွင် သွားရောက် အလုပ်လုပ်ရန် တက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ကားမှာ ဘန်ကောက်လိုင်စင်နံပါတ်ပြားအတုဖြစ်နေပြီး အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ် ၁၂၀၀၀ ပေးရကြောင်း၊ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးလမ်းများမှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၃၅ ဦးနှင့် ယာဉ်လိုင်စင်နံပါတ်ပြား အတုလုပ်သူများကို ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






