27.2 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ်တွေကို နည်းပေါင်းစုံနဲ့ အတင်းအကျပ် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်း ထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့တပ်သားသစ်အဖြစ် စုထားတဲ့ လူငယ်တွေကို စစ်တပ်ထဲကနေ ထွက်ပြေးတာတွေ ၊ စစ်တပ်ကို ပုန်ကုန်တိုက်ခိုက်တာတွေ မဖြစ်အောင်ဆိုပြီး အဲဒီ တပ်သားသစ်တွေရဲ့ နောက်ကြောင်းရာဇဝင်တွေကိုပါ အဆင့်ဆင့် စိစစ်ကြပ်မတ်ဖို့ကိုပါ ညွန်ကြားထား ပြန်တယ်လို့ နေပြည်တော် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်းက ဟုမ္မလင်းမြို့နယ်မှာ PDF တပ်ဖွဲ့တွေဆီကို လက်နက်ခဲယမ်းတွေပါ ယူလာပြီး အလင်းဝင် ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၇ ဦးကို တော်လှန်ရေးဘက်က အခမ်းအနားနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဧရာဝတီတိုင်းက ညောင်တုန်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေရဲ့ ဓားနဲ့ ခုတ်မှုကြောင့် ဆေးရုံရောက်သွားတဲ့ ဦးအောင်လွင်ကို ဆေးရုံက ဆင်းလာတဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးသွားပြီး ၊ တကယ်တမ်း ဓါးနဲ့ခုတ်ခဲ့တဲ့ ပျူစောထီးတွေကိုတော့ အမှုဖွင့်ထားတာတောင် မဖမ်းပဲ လွှတ်ပေးထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article