ရန်ကုန်၊ ဇူလိုင် ၁၁
မန္တလေးတောင်ခြေရှိ စစ်တပ် တပ်ရင်းများက ယမန်နေ့ တစ်ညလုံး လက်နက်ကြီးများဖြင့် မင်းကွန်းဒေသသို့ ပစ်ခတ်ခဲ့သဖြင့် မန္တလေးတစ်မြို့လုံး လက်နက်ကြီးသံများ ဖုံးလွှမ်းသွားခဲ့ကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
။
ယမန်နေ့ညပိုင်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ ခိုတောင်ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွက် မန္တလေးတောင်ခြေမှ တပ်ရင်းများက မင်းကွန်း၊ ခိုတောင်ရွာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် တစ်ညလုံးပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်၍ မင်းကွန်းဒေသမှ စစ်ကောင်စီတပ်များကို စစ်ကူပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မန္တလေးတောင်ခြေအနီးတစ်၀ိုက်တွင်စစ်လက်နက်ပစ္စည်းတပ်ရင်း(ပင်မ)နှင့် ခလရ ၉၅ ၊ ခြေမြန်တပ်ရင်း တပ်မ ၁၀၁၊ ယန္တရားတပ် အစရှိသည့် စစ်ကောင်စီတပ်များ အခြေစိုက်ထားတာကာ ယင်းတပ်များက လက်နက်ကြီးများဖြင့် မင်းကွန်းဒေသဘက်သို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“မန်းတောင်ခြေမှာရှိတဲ့ တပ်တွေက လှမ်းပစ်နေတာ။ မင်းကွန်း ခိုတောင်ရွာနား ပွဲကနေတယ်လို့ သိရတယ်။ မန်းလေးတောင်ပေါ်ကနေ လက်နက်တွေနဲ့ လှမ်းထုနေတာ။ အကုန်ကြားရတယ်။ တမြို့လုံး တအုန်းအုန်း လေယာဥ်တွေရော ဝဲနေတာ။ ၄ လုံးလောက်ကွဲတဲ့ အသံတော်တော်ကြားရတယ်”ဟု မန္တလေးမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ – မန္တလေးတောင်ခြေအနီးရှိ ခလရ ၉၅ တပ်ရင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
