ရန်ကုန်၊ ဇူလိုင် ၁၄
ကရင်နီ ပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်း တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း The Coordination Team for Emergency Relief (Karenni) ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသစစ်ဘေးရှောင်ပြည်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင်အကြမ်းဖက်စစ်ကောင်စီက ပေါင် ၂၀၀ ဝန်း ကျင်ရှိသည့် ဗုံးများ အသုံးပြုကာ ဒီမော့ဆိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆေးခန်းအပါအဝင်အဆောက်အအုံနှစ်ခုနှင့် ယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“လေယာဉ် ၂ စီး ရှေ့ဆင့်နောက်ဆင့် ဗုံးကျဲသွားတာ။ ဆေးပေးခန်းနေရာကို အဓိက ကျဲချတာမို့ ရည် ရွယ်ချက်ရှိရှိနဲ့ သတ်သတ်မှတ်မှတ် ဗုံးလာကျဲတယ်လို့ ထင်ပါတယ်။ မိုးတွင်းလည်း မိုးမရွာတဲ့ရက်တွေဆို လေယာဉ်လာတော့တာပဲ။ မိုးများရင်တော့ လေယာဉ် မမြင်ရဘူး” ဟု ဒေသစစ်ဘေးရှောင် ပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဇူလိုင် ၉ ရက်နေ့ကလည်း ကရင်နီပြည်နယ် မော်ချီးဒေသ လိုလော်ထီးကျေးရွာကိုလည်း အကြမ်း ဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကလေး ၂ ဦး အပါအဝင်ပြည်သူ ၅ သေဆုံးခဲ့ကာ ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ လုပ်ရပ်များမှာ ကရင်နီပြည်သူများကို ဦးတည်တိုက်ခိုက်နေသည်မှာ ထင်ရှားကြောင်း The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ကြေညာသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






