26.8 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တောင်ကိုရီးယားနိုင်ငံက အကြမ်းဖက် စစ်ကောင်စီသံရုံးမှာ စစ်ကိုင်းငလျင်ဘေးအတွက် တောင်ကိုရီးယားနိုင်ငံက လှူဒါန်းငွေတွေ အပါအဝင် ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားမှုဖြစ်ပွားပြီး သံရုံဝန်ထမ်း နှင်းဦးလှိုင်ကို နေပြည်တော်ပြန်ခေါ်ပြီး စစ်ကောင်စီက ပြန်ဖမ်းထားတဲ့အပြင် ၊ သံအမတ် သန့်စင်ဆိုသူလည်း အဲဒီအလွဲသုံးစားအမှုမှာ ပါဝင်ပက်သက်နေတယ်လို့ စစ်ကောင်စီရဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန် တပ်စခန်း ၂ ခုကိုပါ KNLA ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည် သူတို့မှာရှိတဲ့ ကာမိကာဇေဒရုန်း ၄ စီးနဲ့ပါ ခုခံပြီး ပြန်တိုက်တာတွေ လုပ်နေပြန်တယ်လို့ ထိုင်းသတင်း ဌာနတွေမှာ ဖော်ပြထားကြပါတယ်။
  • ကရင်နီပြည်နယ် ၊ ဖားဆောင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ နောက်ဆုံး တပ်စခန်း ဖြစ်တဲ့ ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုင်းစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေ တော်တော်ကို များနေတဲ့အပြင် ၊ စစ်သား ၂ ဦးထက်မနည်းကိုလည်း အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article