26.8 C
Yangon

မော်ချီးမြို့၊ စက်စရာ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ မော်ချီးမြို့၊ စက်စရာရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မော်ချီးမြို့၊ စက်စရာရပ်ကွက်ရှိ Wifi သုံးနေသော လူအုပ်စုထဲကို အကြမ်းဖက် စစ်တပ်က လေယဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆိုင်ပိုင်ရှင်နှင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မော်ချီးမြို့၊ စက်စရာကွေ့ ရပ်ကွက်ထဲက Wifi လိုင်းလာသုံးတဲ့ နေရာ လူနေရပ်ကွက်ကို ဗုံးကျဲချတာ ဆိုင်ပိုင်ရှင်နဲ့ ကလေးငယ် ၁ ဦး အပါအဝင် ၇ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရှိသူ ၂၀ လောက်ရှိတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း မော်ချီးမြို့ လိုလော်ထီးရွာကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article