ရန်ကုန်၊ ဩဂုတ် ၄
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ဇေယျဖြိုး ဆေးခန်းအနီးကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့ ဘူတာရှိ ဇေယျဖြိုး ဆေးခန်း အနီးကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည် သေဆုံးသူမရှိကြောင်း ကနဦး သိရပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“လူထိခိုက်တာ နည်းနည်းပါးပါးပဲ ရှိတယ်လို့ သိရတယ်။ သေဆုံးတာတော့ မရှိဘူး။ ဘူတာနဲ့တော့နီးတယ်။ ဇေယျဖြိုး ဆေးခန်းနားကို ကျဲသွားတာလို့ သိရတယ်။ ပေါင် ၂၅၀ ဗုံး ၁ လုံး ကျဲချသွားတာ အဆောက်အဦး ပျက်စီးမှု အနည်းငယ်ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုကို ဦးတည်၍ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၄ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၄၅ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






