28.4 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်လာတဲ့ ကုန်ကားတွေကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးတာကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်ကြားရေးမှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းအမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရတခ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်မှာရှိတဲ့ နတ်အိမ်တောင် စခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ ၊ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန် ထားပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးရယ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်က တော်လှန်ရေး ရဲဘော် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး ပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီးထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article