ရန်ကုန်၊ ဩဂုတ် ၁၃
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း – P23702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာ စခန်းတို့တွင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ သင်တန်းဆင်း စစ်သား ၂ ဦး နှင့် အပတ်စဉ် ၅ သင် တန်း ဆင်းစစ်သား ၆ ဦးတို့သည် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ – P23702 သို့ လက်နက်မဲ့ အလင်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လက်နက်မဲ့အလင်းဝင်တာပါ၊ ကြိုပြီး ချိတ်ဆက်တာတော့မရှိပါဘူး။ ကျန်တဲ့ ပြည်သူ့စစ်တွေအနေ နဲ့ နီးစပ်ရာ PDF တပ်ဖွဲ့တွေကို ချိတ်ဆက်ပြီး လက်နက်နဲ့အတူ အလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါ တယ်။ ဘာလို့လည်းဆိုတော့ သန္ဓေစစ်သားတွေက သူတို့ ပြည်သူ့စစ်တွေကို လူသားဒိုင်းကာအဖြစ်ပဲ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ တိုက်ပွဲမှာဆို ရှေ့ဆုံးက တက်ခိုင်းမယ်။ ဒဏ်ရာရရင် ပြန်မဆွဲ သွားဘူး။ ထားခဲ့မယ်။ တိုက်ပွဲမှာ ကျသွားရင်လည်း အထက်ကို မတင်ပြပဲ သူတို့ရဲ့ လစာကို ထုတ် စားမယ်။ ပြီးတော့ သူတို့က ပြည်သူ့စစ်တွေကိုလည်း မယုံဘူး။ နေ့ခင်းလက်နက်တောင် ပေးမကိုင် ဘူး၊ ဖုန်းလည်း သုံးခွင့်မရဘူး။ အဲလိုမျိုးဖိနှိပ်ထားတာကြောင့် အမြန်ဆုံးရုန်းထွက်ခဲ့ကြဖို့ တိုက်တွန်း ချင်ပါတယ်” ဟု ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း – P23702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်းတပ်သား ၂ ဦးသည် ခလရ ၆၀ (ကျောက်ကြီး)တွင် ပြည်သူ့စစ် သင်တန်း အပတ်စဉ် ၉ ကိုလည်းကောင်း၊ ကျန် ၆ ဦးသည် ကမ်းရိုးတန်းဒေသ ကော့သောင်းမြို့အခြေစိုက် ခမရ ၅၉၃ တွင် ပြည်သူ့စစ်သင်တန်း အပတ်စဉ် ၅ ကိုလည်းကောင်း တက်ရောက်ခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်းတပ်သား ၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က အ လင်းဝင်းများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး လူ့အခွင့်အရေး အပြည့်အဝဖြင့် ထိန်း သိမ်းထားကြောင်း၊ လက်နက်ချ၍ ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ပဲခူးခရိုင် တပ်ရင်း ၂ မှ လက်ခံကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – ယခုနှစ် ဇန်နဝါရီလအတွင်း အလင်းဝင်ခဲ့သော စစ်ကောင်စီတပ်သားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


