27.8 C
Yangon

မုံရွာမြို့ နမခ မှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြားပြီး ၁ ဦး အရှင်ဖမ်းမိ၊ စစ်တပ်၏ ၁၂ ဘီးကား ၁ စီးကိုလည်း သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား ၁ ဦးကို အရှင်ဖမ်းမိကာ ၁၂ ဘီးကား ၁ စီးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော စစ်ယာဉ်တန်း နှင့် ခြေလျင် စစ်ကြောင်းကို မုံရွာခရိုင် “ခရိုင်ကွပ်ကဲရေးမှူး” ၏ ကွပ်ကဲမှုဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးကျော်သေဆုံးကာ စစ်သား ၁ ဦးကိုလည်း MA1 သေနတ် ၁ လက်၊ ကျဉ်ဘောက် ၄ ဘောက်၊ ၅.၅၆ကျဉ် ၈၂ တောင့် နှင့် အတူ အရှင်ဖမ်းမိခဲ့ပြီး ၁၂ ဘီး ကား ၁ စီးနှင့် FZ ဆိုင်ကယ် ၁ စီးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“နမခ ကနေ စစ်ကြောင်းထိုးလာတဲ့ ကားတန်းနဲ့ ခြေလျင် စစ်ကြောင်းကို ကြားဖြတ်တိုက်တာပေါ့။ တိုက်ပွဲမှာတော့ စစ်ခွေး ၄၀ ကျော် သေဆုံးပါတယ်။ စစ်ခွေး ၁ ကောင်လည်း အရှင် ဖမ်းမိတယ်။ လက်နက် ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်။ ၁၂ ဘီးကားနဲ့ ဆိုင်ကယ် ၁ စီးလည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း နှင့်အတူ အရာတော်မြို့နယ် ပကဖ အဖွဲ့ ၊ အရာတော် တိုက်နယ် ၉/၁၀/၁၁ အဖွဲ့များ၊ မုံရွာခရိုင် ဗျူဟာ ၆၆ ၊ PLA တပ်ဖွဲ့ ၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန် တပ်ဖွဲ့နှင့် မုံရွာ မြိုနယ် ပကဖ အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article