25.7 C
Yangon

ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ စစ်တပ်အပေါ် အနုတ်လက္ခဏာ ဝေဖန်မဲဆွယ်မှု မလုပ်ရ ဆိုသော စည်းကမ်းချက် လိုက်နာရန် မင်းအောင်လှိုင်ညွှန်ကြား

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ရှိနေသည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ကြမည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေနှင့် ပဋိပက္ခများအပေါ် အနုတ် လက္ခဏာ ဝေဖန်မဲဆွယ်မှုများ မလုပ်ရန် အပါအဝင် စည်းကမ်းချက်များ လိုက်နာရန် မင်းအောင်လှိုင်က ညွှန်ကြားလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စစ်တပ်က အာဏာရယူခဲ့ရမှုမှာ မဲမသမာမှုများကြောင့် ဖြစ်ပြီး စစ်တပ်က ရွေး ကောက် ပွဲ ကျင်းပ၍ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် တင်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ စစ်မှုထမ်းဥပဒေ၊ ပဋိပက္ခများနှင့်ပတ်သက်၍ လည်းကောင်း ပြည်သူများအကြား စစ်တပ်ကို အထင်အမြင် လွဲစေမည့် အနုတ်လက္ခဏာ ဆောင်သော ဝေဖန် မဲဆွယ်မှုများ မလုပ်ဆောင်နိုင်ရန် စည်း ကမ်းချက်များ မင်းအောင်လှိုင်က ချမှတ်လာကြောင်း သိရှိရသည်။

စစ်တပ်အပေါ် ပြည်သူများက အထင်အမြင်လွဲစေမည့် အနုတ်လက္ခဏာ ဝေဖန်မှုများ မလုပ်ရဆိုသော မင်းအောင်လှိုင် ချမှတ်သည့် စည်းကမ်းချက်များကို ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများကို အသိပေးမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများနှင့်ပါတီများက မဖြစ်မနေ လိုက်နာရမည်ဖြစ်ကြောင်း သိရှိရသည်။

“တပ်ကို ဝေဖန်ပြီး မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့၊ စစ်မှုထမ်းဥပဒေကို ဝေဖန်ပြီး မဲဆွယ်တာတွေ မလုပ်ဖို့၊ ပဋိပက္ခနဲ့ တိုက်ပွဲတွေအပေါ် တပ်ကို အနုတ်လက္ခဏာ နဲ့ဝေဖန်ပြီး မဲဆွယ်တာတွေ မလုပ်ဖို့ အဲဒီစည်းကမ်းချက်တွေ ထွက်လာဖို့ရှိတယ်။ ကိုယ် စားလှယ်လောင်းတွေရော ပါတီတွေရော လိုက်နာရမှာ အဲဒါတွေကို ။ ခံဝန်ကတိအနေနဲ့ လက်မှတ်ထိုးခိုင်းမလား၊ ဒီအတိုင်းပဲ ညွှန် ကြားချက်အဖြစ် ထုတ်မလားပဲ။ တပ်ကို ဝေဖန်မဲဆွယ်တာမျိုးတော့ ခွင့်မပြုဖို့ ညွှန်ကြားချက်က တော့ ရှိနေပြီ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် စစ်တပ်ပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှတစ်ဆင့် မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင်လည်း တပ်ကို လုံး၀ ဝေဖန်ဟောပြောခြင်းမပြုရဆိုသော အချက်မှာ သေချာပေါက်ပါဝင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို မြေပြင် ဆင်း၍ ဦးတည်သော မဲဆွယ်စည်းရုံးဟောပြောမှုများတွင်သာမက မီဒီယာများမှတစ်ဆင့် မဲဆွယ်စည်းရုံးမှုများကိုလည်း ရွေးကောက် ပွဲ ကော်မရှင်နှင့် စစ်တပ်က စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“တပ်က လုပ်ပေးတဲ့ ရွေးကောက်ပွဲဝင်ပြီးတော့ တပ်ကိုစော်ကားတာမျိုးတော့ လက်ခံလို့မရဘူးဆိုပြီး မှတ်ချက်ပေးထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article