26.5 C
Yangon

မတ္တရာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်တံတားရွာသစ် အနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်တံတားရွာသစ် အနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများက ကျောက်တံတားရွာသစ် အနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ပြည်သူများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် နေသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများ ဖမ်းဆီး သတ်ဖြတ်ခံရမှုမရှိကြောင်း ကနဦး သိရှိရသည်။

“ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမရှိဘူးလို့တော့ ကနဦး သိရပါတယ်။ ပြည်သူတွေ အကုန်လုံးလည်း ဘေးလွတ်ရာကို ပြေးနေရတယ်။ ကျောက်တံတားရွာသစ် အနီးတဝိုက်က နေအိမ်တွေကို စစ်ခွေးတွေက မီးရှို့နေတာ ပျက်စီးမှုအခြေအနေကိုတော့ ကျနော်တို့ ဆက်လက် အတည်ပြုနေပါတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၂၃ ရက်နေ့ကလည်း မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ညအချိန် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article