28.5 C
Yangon

ရန်ကုန်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး ယမန်နေ့ညပိုင်းကလည်း ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ရန်ကုန်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး ယမန်နေ့ညပိုင်းကလည်း ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။

ယနေ့ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၂၈ မိနစ်အချိန် ရန်ကုန်တိုင်း၊ သုံးခွမြို့၏တောင် – အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၉ နာရီခွဲ ငလျင်က သိသာတယ်။ ယိမ်းထိုးသွားတယ်။ အချိန်တော့ မကြာလိုက်ဘူး။ တော်တော်ကို သိသိသာသာခံစားရပါတယ်” ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ပြည်သူတစ်ဦးကလည်း ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတချို့ အထပ်မြင့်တိုက်တာများပေါ်မှ ပြေးဆင်းခဲ့ရသည်ဟုဆိုသည်။

“သု၀ဏ္ဏဘက်မှာ သိတဲ့သူတွေက ငလျင်လှုပ်တယ်ဆိုပြီး အော်ပြေးဆင်းတယ်။ တချို့တွေကလည်း မသိလိုက်ဘူး။ ခေါင်းပါမူးတယ်” ဟု သု၀ဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်တွင်နေထိုင်သူ ပြည်သူက ဆိုသည်။

ယမန်နေ့ ည ၇ နာရီ ၁၆ မိနစ်အချိန်ကလည်း ရန်ကုန်မြို့အနီး မြန်မာ့ ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

“မနေ့ညက လှုပ်တာတော့ မသိလိုက်ဘူး။ အခုမနက်တော့ သိလိုက်တယ်။ ” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article