27.1 C
Yangon

မြန်မာအကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ အမျိုးသမီးများကို မိသားစုဝင်များရှေ့တွင်ပင် အဓမ္မပြုကျင့်မှု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

Must read

🟥စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူမဆန်သည့် ရာဇ ဝတ်မှုများ ထပ်မံကျူးလွန်ခွင့်လိုင်စင်တစ်ခုဖြစ်လာမည်ဟု သတိပေး

ရန်ကုန်၊ ဩဂုတ် ၂၁

မြန်မာအကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ အမျိုးသမီးများကို မိသားစုဝင်များ၏ရှေ့မှောက်တွင်ပင် အဓမ္မ ပြုကျင့်မှုများကျူးလွန်နေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်း ပပြုလုပ်ခဲ့သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ တံခါးဖွင့် အစည်းအဝေးတစ်ခုတွင် ၎င်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာအကြမ်းဖက် စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးချ၍ အရပ်သားပြည်သူလူထု အပေါ် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အဓမ္မပြုကျင့်ခြင်း ၊ အဓမ္မပြုကျင့်ရာတွင် ရုပ်ဝတ္ထုပစ္စည်းများ အသုံးပြုခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုမှု၊ လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု၊ လိင်အင်္ဂါဖြတ်တောက်ခြင်း နှင့် စစ်တပ်စစ်ဆေးရေးဂိတ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အတင်းအကျပ် အဝတ်ဗလာ ဖြစ်အောင်ပြုစေခြင်းတို့ ပါဝင်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ထို့ပြင် စစ်တပ်မှ တပ်သားများက ကျူးလွန်သည့် အချို့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အမျိုးသမီးများကို ၎င်းတို့၏ ခင်ပွန်း၊ ဖခင်၊ မိခင်၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့် ဆွေမျိုးရင်းချာများ၏ ရှေ့မှောက်၌ အဓမ္မပြုကျင့်ခြင်းတို့ ပါဝင်ကြောင်း၊ ထိုသို့သော လူမဆန်မှုများမှာ ပြောဖွယ်ရာ စကားလုံးပင်မရှိကြောင်း၊ စစ်အုပ်စုက ထိုရာဇဝတ်မှု များ ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

၂၀၂၁ ခုနှစ် မတရား စစ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်သည့်ရပ်ဝန်းက ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်း လာ လျက်ရှိ၊ စစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးချ၍ အရပ်သားပြည်သူလူထု အပေါ် တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း တင်ပြသည်။

မြန်မာနိုင်ငံမှ ထိခိုက်နစ်နာသူ သားကောင်များ၊ ၎င်းတို့၏ ဖခင်များ၊ မိခင်များ၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့်ဆွေမျိုး သားချင်းများ၏ နေရာ၌ ကိုယ်တိုင် ခေတ္တခဏ ဝင်ရောက်ခံစားပေး၍ ပဋိပက္ခများအတွင်းနှင့် စစ် တပ်၏ ရက်စက် ကြမ်းကြုတ်မှု များကြောင့် ကြုံတွေ့နေရသည့် လုံခြုံမှုကင်းမဲ့သော ပတ်ဝန်းကျင်အတွင်း ဖြတ် သန်း ရသည့် နေ့စဉ် ဘဝများအား တွေးကြည့်ပေးစေလို၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းသည် ၎င်းတို့အတွက် အလွန်အရေးကြီးနေကြောင်း၊ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ် တစ်ခုလုံး အနေဖြင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများအား အပြီးသတ် ချုပ်ငြိမ်းနိုင်မည့် ဖြစ်နိုင်သော နည်းလမ်းအားလုံးကို အသုံးချ၍ ထိရောက် သော အရေးယူ လုပ်ဆောင်ချက် များကို ချက်ချင်းလုပ်ဆောင်ရန် သံအမတ်ကြီးက တောင်းဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက် အရပ် ဘက် နှစ်မျိုး သုံး ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုများ ရပ်တန့်နိုင်ရေးအတွက် နည်းလမ်း အားလုံးကို အသုံးပြုရန်လည်း သံအမတ်ကြီးက တောင်းဆိုသည်။

လက်ရှိ စစ်အုပ်စု က ကျင်းပရန် ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲ သည် စစ်တပ်ကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လူမဆန်သည့် ရာဇဝတ်မှုများကို အနာဂတ်တွင် ထပ်မံကျူးလွန်ခွင့် ရစေမည့် လိုင်စင်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် မြန်မာပြည်သူများ ၏ မျှော်မှန်းချက်များအား လေးစားရန်နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အား ပြင်းထန်စွာကန့်ကွက်ရန် သံအမတ်ကြီးက ဆက်လက်တိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article