ရန်ကုန်၊ ဩဂုတ် ၂၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးကျော်သေဆုံးပြီး ထောက်ပို့စစ်ကား ၈ စီး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၈ ရက်နေ့နှင့် ဩဂုတ်လ ၁၉ ရက်နေ့တို့တွင် ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ် ကြောင်း နှင့် စစ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၊ တပ်မဟာ-၄ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၀ နှင့် တော်လှန်ရေး ပူပေါင်းတပ်များက နေရာ ၂ ခုတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ထောက်ပို့ စစ်ကား ၈ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကား ၂ စီးထံမှ လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် အတွင်း စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ တိုက်လေယာဉ် ၃ စီးဖြင့် ၇ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

