စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကသာ ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရသစ်ဖွဲ့စည်းမည်ဖြစ်ပြီး စစ်တပ်နှင့်ပူးပေါင်းကာ AA နှင့် MNDAA ကို အပြတ်အသတ် နှိမ်နင်းမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ ၏ နေပြည်တော်၊ ပြည်ထောင်နယ်မြေ ဥက္ကဋ္ဌ ဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသော ဗီဒီယိုဖိုင်တွင် ဘူးလှက် လှဆွေက လာမည့် ရွေးကောက်ပွဲတွင် တွက်ချက်မှုများအရ NLD မပါဝင်တော့၍ ကြံ့ဖွတ်ပါတီကသာ အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်ဖွဲ့စည်းပြီးပါက အင်အားကောင်းလာသော စစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကို အပြတ်အသတ် နှိမ်နင်းမည်ဖြစ်ကြောင်း၊ ယင်းသို့ နှိမ်နင်းရန်မှာ ကြံ့ဖွတ်အစိုးရသစ်က လုပ် ဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
” ကျနော်တို့ ကြံ့ခိုင်ရေးက အခြေအနေကောင်းတယ်။ အခြေအနေကောင်းတော့ အစိုးရဖွဲ့မယ်။ အစိုးရဖွဲ့တော့ ဘာလုပ်မလဲဆိုတော့ ကျနော်က ပြောပြမလို့။ ကျနော်တို့ ငယ်ငယ်က “၀” နယ်မှာ ဗကပကို အမုန်းကြိတ်တာ။ သေချာ ဆော်ပလော်တီးတာ။ ဒီကောင်တွေ ပန့်ရမ်း၊ ပန်ဆမ်းမှာ ကွက်ကွက်လေးပဲ ကျန်တယ်။အဲဒီအချိန်မှာ ရပ်လိုက်လို့။ ကျနော်တို့ အမုန်းကြိတ်တာ ဘယ်သူသိလဲဆိုတော့ UWSA က သိတယ်။ ဒါကြောင့်မို့လို့ ၂၀၂၁ ဒီကိစ္စကြီး ပေါ်လာတဲ့အချိန်မှာ UWSA က မပါဘူး။ မပါတာက အမုန်းအကြိတ်ခံရမှာ ကြောက်လို့။ သူက ကျနော်တို့ အမုန်းကြိတ်တာကို သူတို့က ခံစားဖူးတယ်။ ကျနော်ပြောတာက လာမယ့် ရွေးကောက်ပွဲပြီးရင် တက်လာမယ့် အစိုးရက ကြံ့ခိုင်ရေးအစိုးရ တက်လာပြီဆိုရင် ဘာလုပ်မလဲဆိုတော့ ခင်ဗျားတို့ သူပုန်တွေ စောစောစီးစီး ငြိမ်းချမ်းရေး ယူရင် ယူထား၊ မယူလို့ကတော့အမုန်းကြိတ်မှာ။ AA ၊ MNDAA ပေါ့။ ကိုးကန့် ကုန်ကြမ်း လောက်ကိုင် ချင်းရွှေဟော်တော်ပြီလေ၊ နဂိုနေရာ။ ကွတ်ခိုင် သန္နီ တွေ လာမလုပ်နဲ့။ ငါတို့ အမုန်းကြိတ်ရင် မင်းတို့ဆရာကြီး UWSA ကိုသွားမေးလိုက် ငါတို့ ဘယ်လို ကြိတ်လဲဆိုတာ။ တပ်မ တော်ကြီးက အင်အား တောင့်တင်းလာပြီဆိုရင် ငါတို့က အမုန်းကြိတ်မှာ။ ရွေးကောက်ပွဲပြီးရင် အမုန်းကြိတ်မှာ။ အခုကတည်းက သေချာလေး ငြိမ်း ချမ်းရေးယူထားလိုက်။ အဲဒါ သတိလာပေးတာ” ဟု ဘူးလက်လှဆွေက ပြောဆိုသည်။
လတ်တလော ကြံ့ဖွတ်ပါတီက စည်းရုံးရေးခရီးစဉ်များကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဦးဆောင်၍ တစ်နိုင်ငံလုံး လှည့်လည်လျက်ရှိပြီး မြေပြင်တွင်လည်း ကြံ့ဖွတ်ပါတီဝင်များကို ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်မှုများကို စစ်တပ်နှင့်ကြံ့ဖွတ်ပါတီက ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
ထို့ပြင် ကြံ့ဖွတ်ပါတီ ခင်ရီက စစ်တပ်ထောက်ခံသော အနုပညာရှင်များ၊ အဆိုတော်များ၊ သရုပ်ဆောင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများ ဆန္ဒမဲပေးကြရေးအတွက် စည်းရုံးခိုင်းနေကြောင်း ကြံ့ဖွတ်ပါတီသတင်းရင်းမြစ်ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
