27 C
Yangon

ဘုတလင်မြို့မှ စစ်တပ် စစ်ကြောင်း ထွက်လာ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထွက်လာ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေါင်းရာဇာ ပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဘုတလင်မြို့ပေါ်မှ အင်အားရာနှင့်ချီပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းထွက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဘုတလင်မြို့ အနီးဝန်းကျင်ရှိ လွှဲတဲကျေးရွာ၊ မြောက်တောကျေးရွာ၊ ထတန်းကျေးရွာ၊ မြောက်ကျီရွာ၊ သပြေပင်ရွာ၊ ရှမ်းတဲရွာ၊ တက်လှိုင်းရွာ၊ ပဲပြစ်တောရှေ့ရွာ၊ ပဲပစ်တောနောက်ရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။

“ဘုတလင်မြို့ပေါ်ကနေ စစ်ခွေး စစ်ကြောင်းထွက်လာတဲ့ အတွက် ဘုတလင်မြို့နဲ့ အနီးဝန်း​​ကျင်ကျေးရွာတွေက ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်ခွေး စစ်ကြောင်းက အခုချိန်ထိ ဘုတလင်မြို့ အထွက်နားမှာပဲရှိသေးတယ်” ဟု ဒေါင်းရာဇာ ပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်သောကြောင့် ပြည်သူများသည် စစ်ကြောင်းနှင့် ဝေးရာကို ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article