25.1 C
Yangon

ဖားကန့်မြို့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ဖားကန့်မြို့အခြေစိုက် စစ်တပ်ဗျူဟာကုန်းမှ ၁၂၀ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်များသည် ဖားကန့်မြို့နယ်၊ ဆွတ်အိန်ယာန် အလယ်စခန်းနှင့် မြေဇာမျှောတိုက်စခန်းတွင် နေထိုင်သည့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများတွင် ဒေါ်ခေါင်နောမှာ ညာဘက်ပုခုံးကျည်စထိမှန် ဒဏ်ရာရရှိကြောင်း ၊ မငယ်မှာမူ မျက်စိတစ်ဖက် ထိမှန်ဒဏ်ရာရရှိကြောင်း၊ ဒေါ်သီတာဝင်းမှာ ခြေထောက် ၂ ဖက်လုံးနှင့် လက်တစ်ဖက် အရိုးကြေဒဏ်ရာရရှိ၍ ခြေလက်များ ဖြတ်တောက်ရမည်ဖြစ်ကြောင်း၊ ဦးတာကောမှာမူ ခါး၊ ဝမ်းဗိုက်တွင် ကျည်စများ ထိမှန်ပြီး သတိလစ်နေကာ အခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

“ဒဏ်ရာရရှိတဲ့သူ ၄ ဦးစလုံးက ဖားကန့် လုံးခင်း ကျေးဇူးတော်ဆေးခန်းမှာ ရောက်နေပါပြီ။ သတိလစ်နေသူက အခြေအနေ စိုးရိမ်ရမယ်။ ခြေထောက်ဖြတ်ရမယ့်သူအတွက် သွေးအလှူရှင်လည်းရှာနေကြပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ တပ်မကုန်းကနေ ပစ်ခတ်တာပါ” ဟု ဖားကန့်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖားကန့်တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၇၀ ကျော်ရှိလာပြီးဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၀၀ ဦးကျော်ရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article