23.6 C
Yangon

ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်မာဒုက္ခသည် ၄၂၀၀၀ ကို ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့်ပြုမည်

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာဒုက္ခသည် ၄၂၀၀၀ ကို ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်ရာ အဆိုပါ ထုတ်ပြန်ချက်အပေါ် ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များ မဟာမင်းကြီးရုံး(UNHCR) က ကြိုဆိုလိုက်သည်။

ထိုင်းနိုင်ငံက နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် ၁၀ စုနှစ်များစွာကြာ ယာယီခိုလှုံနေထိုင်ခဲ့ကြသော မြန်မာဒုက္ခသည်များကို နိုင်ငံတွင်းတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုရန် စီမံချက်အသစ်တစ်ရပ်ကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီး ယင်းခွင့်ပြုမှုအပေါ် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ဒုက္ခသည်များအနေဖြင့် ကာကွယ်ရေးနှင့် မိမိကိုယ်ကိုယ်အားကိုးခြင်းအတွက် အချိုးအကွေ့တစ်ခုအဖြစ် ကြိုဆိုလိုက်သည်။

ထိုင်းအစိုးရက မြန်မာ ဒုက္ခသည်များကို သတ်မှတ်ထားသော ထိန်းချုပ်နယ်မြေများ၏ ပြင်ပတွင် နေထိုင်ခွင့်ပြုလိုက်သည့်အပြင် အလုပ်အကိုင်ရရှိရန် အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုချက်ပေးလိုက်ကြောင်း၊ အဆိုပါ အစီအစဉ်အရ အလုပ်လုပ်ကိုင်ခွင့် လက် မှတ် ၄၂,၀၀၀ ခန့် ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ လက်ရှိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူ ၇၇,၇၁၈ ဦးကို ယာယီဒုက္ခသည် ခိုလှုံရေးစခန်း ၉ ခုတွင် လက်ခံထားရှိကြောင်း၊ အများစုသော ဒုက္ခသည်များမှာ ထိုနေရာတွင် ၁၀ စုနှစ်များစွာ နေထိုင်ခဲ့ကြပြီး ဒုက္ခသည်လူဦးရေ၏ ၄၇ ရာခိုင်နှုန်းခန့်မှာ စခန်းများတွင် မွေးဖွားခဲ့ကြကြောင်း သိရှိရသည်။

ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေဖြတ်တောက်မှုများကြောင့် ဒုက္ခသည်များ အကူအညီပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လျော့နည်းကျဆင်းလာချိန်တွင် ထိုင်းအစိုးရက ယင်းကဲ့သို့ မူဝါဒ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခြင်းဖြစ်သည်။

“ဒီဆုံးဖြတ်ချက်က ဒုက္ခသည်တွေကို နိုင်ငံတွင်းတရားဝင်အလုပ်လုပ်စေပြီး ထိုင်းစီးပွားရေးအတွက် အဓိပ္ပာယ်ရှိရှိ အထောက်အကူဖြစ်စေမှာပါ။ ထိုင်း-မြန်မာနယ်စပ်တလျှောက် ယာယီအမိုးအကာတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၁,၀၀၀ ခန့်ရဲ့ အခြေအနေကို အသိအမှတ်ပြုပြီး ဒီမူဝါဒကို အပြောင်းအလဲလုပ်တာဟာ ကြီးမားတဲ့ခြေလှမ်းသစ်တစ်ခုပါပဲ။”ဟု ထိုင်းနိုင်ငံရှိ UNHCR ကိုယ်စားလှယ် Tammi Sharpe က သုံးသပ်ပြောဆိုသည်။

အဆိုပါ မူဝါဒအပြောင်းအလဲကြောင့် ဒုက္ခသည်များအတွက်သာမက ထိုင်းနိုင်ငံအတွက်ပါ အကျိုးရှိစေသော ခြေလှမ်းအဖြစ် UNHCR က ရှုမြင်သည်။

“ ဒီမူဝါဒအပြောင်းအလဲကြောင့် ထိုင်းနိုင်ငံက ဒုက္ခသည်တွေကို လက်ခံကျင်းပပေးတဲ့ တိုးတက်မှုရဲ့ အင်ဂျင်အဖြစ် – ဒုက္ခသည်တွေအတွက်၊ အိမ်ရှင်အသိုင်းအဝိုင်းနဲ့ နိုင်ငံတော်တစ်ခုလုံးအတွက် တိုးတက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။”ဟု UNHCR ကိုယ်စားလှယ် Tammi Sharpe က ဆက်လက်ပြောဆိုသည်။

ကာလရှည်ကြာနေထိုင်နေသော ဒုက္ခသည်များ၏ အလားအလာနှင့်အခြေအနေကို လက်ခံ၍ တံခါးဖွင့်ပေးမှုကြောင့် ထိုင်းနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို လိုက်နာရုံသာမက ၎င်း၏အနာဂတ်တွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုကိုလည်း ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခု ဒုက္ခသည်တွေအနေနဲ့ သူတို့နဲ့ သူတို့ မိသားစုတွေကို ထောက်ပံ့ပေးနိုင်တော့မှာဖြစ်ပြီး စားသုံးမှု တိုးမြင့်လာတဲ့အတွက် ဒေသတွင်း စီးပွားရေးကို လှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။ အလုပ်အကိုင်ဖန်တီးမှု မြှင့်တင်ကာ နိုင်ငံ့ဂျီဒီပီ တိုးတက်မှုနှင့် စီးပွားရေး ကြံ့ကြံ့ခံနိုင်ရည်တို့ကို ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မူဘောင်သစ်သည် ဒုက္ခသည်များသည် ၎င်းတို့၏စခန်းများမှ ထွက်ခွာရန် ခွင့်ပြုချက်လျှောက်ထားရန်၊ ကျန်းမာရေးစစ်ဆေးမှုခံယူရန်နှင့် လူမှုဖူလုံရေး သို့မဟုတ် ကျန်းမာရေးအာမခံအတွက် စာရင်းသွင်းရန် လိုအပ်ကြောင်း သိရှိရသည်။

အလုပ်လုပ်ခွင့်ပါမစ်သည် အခွန် ကင်းလွတ်ခွင့်ပြုလိုက်ပြီး အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းမှာ ၁ နှစ်ဖြစ်ကြောင်း သိရှိရသည်။

ရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့ (MWG) ၏ ညှိနှိုင်းရေးမှူး အဒိန်ဆင် ခိုမွန်ကော့က အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း စနစ်သည် လိုက်လျောညီထွေရှိရန် လိုအပ်ကြောင်း သတိပေးခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော ရွှေ့ပြောင်းဒုက္ခသည်များသည် ရန်ပုံငွေပြတ်လပ်မှုကြောင့် အသက်ကယ်ဆယ်အကူအညီများ ဆုံးရှုံးရနိုင်ခြေရှိသောကြောင့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်သည် အရေး ကြီး သောအခိုက်အတန့်တစ်ခုဖြစ်ကြောင်း UNHCR က ဆိုသည်။

“အပြည့်အဝအကောင်အထည် ဖော်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ မူဝါဒဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး အခွင့်အရေးအခြေပြု ဒုက္ခသည်ဖြေရှင်းချက်အတွက် ဒေသတွင်းစံနှုန်းအသစ်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်” ဟု UNHCR ကိုယ်စားလှယ်က ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article