23.6 C
Yangon

နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၃ နှစ်အရွယ်နှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း မကွေးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဩဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်မောက်မြို့နယ်၊ လဲဘူးကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ တိုက်လေယာဉ် ၁ စီးက ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အခြားပြည်သူ ၉ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

“ည ၈ နာရီခွဲအချိန် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲသွားတာ၊ ဗုံး ၁ လုံးက အိမ်ပေါ်ကျပြီး အဲဒီအိမ်က လုံးလုံးပျောက်သွားတာ၊ အိမ်ပါ ပျောက်သွားတာ၊ နေအိမ် ၇ လုံး ပျက်စီး သွားတယ်၊ သေဆုံး သူက ၅ ယောက်ရှိတယ်။ ၅ ယောက်ထဲမှာ ကလေး ၂ ယောက်ပါ တယ်။ ဒဏ်ရာ ရတဲ့သူက ၉ ယောက်၊ ဒဏ်ရာရတဲ့အထဲက ကလေး ၂ ယောက်က မျက်စိကွယ်မယ့် သဘောရှိတယ်။ တစ်ယောက်မျက်စိကွယ်သွားပြီလို့ သတင်းရထားတယ်။ အဲဒီကလေးနှစ်ယောက်က ညီ အစ်ကိုအရင်းတွေ၊ နေပြည်တော်ဘက်ကနေတက်လာပြီးတော့ ကျဲသွားတာ၊ ဘာတိုက်ပွဲမရှိဘူး။ ဘာ တိုက်ပွဲမှ မရှိဘဲနဲ့ ဗုံးကျဲသွားတာ၊” နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၃ နှစ် အရွယ် မသဲတုန်၊ အသက် ၁၂ နှစ်အရွယ် မချိုဇင်ကျော်ကျော်၊ အသက် ၃၇ နှစ်အရွယ် ဒေါ်လွမ်းပို ၊ အသက် ၆၅ နှစ်အရွယ် ဦးကြည့်မြင့်နှင့် အသက် ၆၇ နှစ်အရွယ် ဦးဝင်းဆောင်တို့ဖြစ်ပြီး ဒဏ်ရာရ ရှိ သူ ၉ ဦးအနက် အသက် ၉ နှစ်အရွယ် နှင့် ၁၂ နှစ်အရွယ်ကလေးငယ် ၂ ဦးတို့မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် မျက်စိကွယ်သွားကြောင်း သိရသည်။

“စစ်ကောင်စီက ပြည်သူတွေဆိုပြီး ဘာမှ ငဲ့ညှာမှုမရှိဘူး။ သူတို့မှာ ဘာမှ ကိုယ်ချင်းစာစိတ်မရှိတဲ့ အခါကျတော့ လေယာဉ်သံကြားရင် ရှောင်ကြဖို့နဲ့ ဖြစ်နိုင်ရင် ဗုံးခိုင်းကျင်းတွေလုပ်ပြီး ပုန်းခိုနေကြဖို့ တိုက်တွန်းချင်တယ်။ သူတို့က ရွာထဲလည်းရှောင်တာမဟုတ်ဘူး၊ တောက်လျှောက်ကျဲနေတာ၊” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက တိုက်တွန်းပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article